Local News

တစ်ပတ်အတွင်း နှမ်းမျိုးစုံထပ်မံစျေးတက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းမျိုးစုံထပ်မံစျေးတက်

    မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။တစ်ပတ်အတွင်းကာလတူ(၆.၇.၂၀၂၂) ရက်နေ့နှင့်နှိုင်းယှဉ်ပါကနှမ်းစျေးများအရည်အသွေးနှင့်ဝယ်လိုအားကြောင့်နှမ်းစျေးများမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။နှမ်းနက်စမုံ (သစ်)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၂၄၅၀ဝဝ)ကျပ်စျေး၊ယနေ့(၂၅၀၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၅၀ဝဝ)ကျပ်၊နှမ်းနက် စမုံ(မကွေး)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၂၁၅၀ဝဝ)ကျပ်စျေး၊ယနေ့(၂၂၀၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၅၀ဝဝ)ကျပ်၊နှမ်းဂွနက်(ရိုးရိုး)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၁၇ဝဝဝဝ)ကျပ်ယနေ့(၁၇၅၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၅၀ဝဝ)ကျပ်၊နှမ်းဖြူ(မ‌ကွေး)သစ်(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၁၉၂၀ဝဝ)ကျပ်စျေး၊ယနေ့(၂၁၀၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၈၀ဝဝ)ကျပ်၊နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၁၈၀၀ဝဝ)ကျပ်စျေး၊ယနေ့(၁၈၅၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊နှမ်းဖြူ(ဂျပန်)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်နေ့တွင်(၂၀၀၀ဝဝ)ကျပ်စျေး၊ယနေ့(၂၃၅၀ဝဝ)ကျပ်စျေးဖြစ်သည့် အတွက်(၃၅၀ဝဝ)ကျပ်အသီးသီးစျေးတက်ကာအရောင်းအဝယ်ဖြစ်လျှက်ကြောင်းသိရှိရပါသည်။

 

                                                                                                                                                                  ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News